Friday, 31 July 2009

ဆွီဒင်နိုင်ငံ ၌ ကျွနိုပ်တို့ သိထား ရန် ကောင်းသော အချက် များ

ဆွီဒင်နိုင်ငံ မှာ ကျွနိုပ်တို့ ပထမ လုပ်ဆောင် ရမည့် Introduction Programme

ဆွီဒင်နိုင်ငံ လူဝင်ကြီးကြပ်ရေး ဌာန နှင့် Refugees ကူညီစောင့်ရှောက်ရေး အဖွဲ့၏ ရည်ရွယ်ချက်မှာ ဆွီဒင်နိုင်ငံသို့ ရောက်ရှိလာသော Refugees များ ဆွီဒင် အခြေခံ ဘာသာစကား သင်ကြားရန်၊ အလုပ်ရရှိနိုင်ရန်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်၊ ကျွန်ုပ်တို့ သည် ဆွီဒင် လူ့အဖွဲ့အစည်းအသိုင်းအဝိုင်း တွင် ပါဝင်သူဖြစ်ကြောင်း သိရှိခံစား စေရန် နှင့်အခြားအခြားသော ကိစ္စများလည်းပါဝင်သည်။ Kommun ဟုခေါ်သော စည်ပင်အဖွဲ့ က လိုအပ်သော အကူအညီ များ ကူညီဆောင်ရွက်ပေးသည်။ ကျွန်ပ်တို့ အယောက်ဆီတိုင်း၏ လက်တွေ့ ပါဝင် ဆောင်ရွက်မှု သည်လည်း အလွန်အရေးကြီးသည်။

Introduction Programme ကို ( ၂ ) နှစ် သတ်မှတ်ထားသည်။ သို့သော်အထူးလိုအပ်ပါ အချိန်ကာလ ကို ပြင်ဆင်တိုးချဲ့ နိုင်သည်။ ကျောင်းတက် ချိန်ကို တစ်ရက်လျှင် ( ၈ ) နာရီ သတ်မှတ် ပြီး တနင်္လာနေ့ မှ သောကြာနေ့ အထိ ဖြစ်ပါသည်။

ဦးတည်ချက် ( Aim ) ။ ။ ။ အဓိက အားဖြင့် အချက် ( ၂ ) ရှိရာ

... ဆွီဒင်ဘာသာ စကားသင်ကြားခြင်း
... အလုပ်ခွင်သို့ ကွင်းဆင်း အလုပ်သင် အလုပ်လုပ်ခြင်း

Svenska för Invandrare ( SFI ) ခေါ် ဆွီဒင် အခြေခံ ဘာသာစကား သည် ဆွီဒင်နိုင်ငံ သို့ လာရောက်နေုထိုင်သူ နိုင်ငံခြားသားများ သင်ယူ ရန် အတွက် စီစဉ်ထားသော ဆွီဒင်အခြေခံဘာသာစကားကို ဆိုလိုသည်။ သင် သည် SFI ပြီးသွားပြီး ပညာ ဆက်လက် ဆည်းပူးလိုပါက သက်ဆိုင်ရာ အကြံပေး ဆရာ၊ဆရာမ များ နှင့် ဆွေးနွေးတိုင်ပင် ပြီး သင် သင်ယူလိုသော ဘာသာ ကို ဆက်လက် သင်ယူနိုင်သည်။

အလုပ်ခွင်သို့ အလုပ်သင် အလုပ်လုပ်ခြင်းဖြင့် အကျိုး အမျိုးမျိုး ရရှိနိုင်သည်။

၎င်းတို့မှာ....
... ဆွီဒင်ဘာသာစကား လေ့လာ ရာတွင် အကျိုး ပြုစေသည်
... ဆွီဒင်လူမျိုးများ နှင့် သိရှိ နို်င်ပြီး သူတို့၏ ဘဝကို လည်း လေ့လာ သိရှိနိုင်ပါသည်
... အလုပ်ရရှိရန် အခွင့် အလမ်း ရှိသည်
... အလုပ်သဘော ကိုသိရှိပြီး အရည်အချင်း ပြည့်လာနိုင်သည်

သင်၏ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး အလုပ်သင် အလုပ်ကို လုပ်ရမှာ ဖြစ်သည်။ သင်သည် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုခု လုပ်ခဲ့ ဘူးပါက သက်ဆိုင်ရာ တာဝန်ရှိ ( Kommun ) က သင် နှင့် သင့်လျှော်သော အလုပ်မျိုး ကို အလုပ်သင်ဆင်းစေပြီး လိုအပ်သော အခွင့်အရေး ဖန်တီး ပေးမည် ဖြစ်သည်။ Introduction Programme ကို အလုပ် တစ်ခု ကဲ့သို့ ခံယူထား ရန်လိုသည်။ ဒီအစဉ်အစီတွင် ဘယ်နှစ်ရက်၊ ဘယ်လောက် ပါဝင်ဆောင်ရွက်မှု ရှိမရှိ ပေါ်မူတည်ပြီး လစာ ရရှိခြင်း ဖြစ်သည်။ ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ ကျောင်း ပျက်ကွက်သည် ဖြစ်စေ၊ အလုပ်သင် မဆင်းဘဲ နေသည်ဖြစ်စေ လစာ အဖြတ်ခံမှာ ဖြစ်ပါသည်။

ဆွီဒင်နိုင်ငံတွင်နေထိုင်သူများအတွက် သိကောင်းစရာများ။ ။ ။ သင်သည် ဆွီဒင်နိုင်ငံတွင် အခြေချနေထိုင်မည်ဖြစ်ပါက သင်ဆောင်ရွက် ရမည့်တာဝန်လေးတွေရှိလာမည်ဖြစ်သည်။ သင် ပထမ ဆုံးလုပ်ရမည့်တာဝန်မှာ ဆွီဒင်နိုင်ငံတွင်နေထိုင်သူ အဖြစ် မှတ်ပုံတင်ရန်ဖြစ်သည်။ မှတ်ပုံတင်ပြီးပါက စကားလုံး ၁၀လုံး ပါဝင်သော ကိုယ်ပိုင်နံပါတ် ရရှိမှာဖြစ်ပြီး ထိုစကားလုံး ၁၀လုံးတွင်မွေးဖွားသည့် ခုနှစ်၊ လ၊ ရက် အပါအ၀င် အဆုံးတွင် စကားလုံး ၄လုံး လည်းပါဝင်ရာ သင်သည် အခြား သူတစ်ယောက်နှင့် မွေးသက္ကရာဇ် တူပါက ထိုစကားလုံး လေးလုံး က အခြားသော သူများ နှင့် ကွဲပြားခြားနားစေမည်ဖြစ်ပါသည်။ ကိုင်ပိုင်နံပါတ်ကို အလွတ်ရထားလျှင် ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ရုံးသွားသည့်အခါတွင်လည်းကောင်း၊ ဆေးရုံသွားသည့် အခါတွင် လည်းကောင်း လိုအပ်သောကြောင့်ဖြစ်ပေသည်။ ဆွီဒင်နိုင်ငံ၏ သန်းခေါင်စာရင်းဝင်ဖြစ်နိုင်ရန် အတွက် သင်၏ ပါစ်ပို့ နှင့် အမြဲနေထိုင်ခွင့် စာရွက်စာတမ်းများကို အဏာပိုင် အခွန်ဦးစီးဌာနရုံး တွင် စာရင်းသွင်းရန်လိုအပ်သည်။ စာရင်းသွင်းပြီး တစ်ပတ်လောက် အကြာတွင် သင် ၏ ကိုယ်ပိုင် နံပါတ် ပါဝင်သော စာတစ်ဆောင် ကို စာတိုက် မှတဆင့် သင် ရရှိမှာဖြစ်ပါသည်။

သန်းခေါင်စာရင်းဝင် စာရွက် နှင့် အိုင်ဒီ ကဒ် ။ ။ ။ နောက်တစ်ချက် အရေးကြီးသည်မှာ စာရင်းသွင်းပြီးနောက် အိုင်ဒီ ကဒ်( ID card ) ရရှိရန်ဖြစ်သည်။ ထိုကဒ် သည် ဆွီဒင်နိုင်ငံတွင် နေထိုင်ခွင့်ကို ဆက်လက် သက်တမ်းတိုးနိုင် ရန်ဖြစ်သည်။ သန်းခေါင်စာရင်းဝင်နိုင် ရန်အတွက် သက်ဆိုင်ရာ အခွန်ရုံး ၀န် ထမ်းများကိုဆက်သွယ် မေးမြန်း ကာ လိုအပ်သလို အကြောင်းကြားမေးမြန်း နိုင်သည်။ အိုင်ဒီ ကဒ် ကို ဘဏ် သို့မဟုတ် စာတိုက်မှ တဆင့် ရရှိနိုင် ပါသည်။ ထို အိုင်ဒီ ကဒ် ကို သွားယူသည့်အခါ တွင်လည်း သင်၏ ကိုယ်ပိုင်နံပါတ်၊ ပါစ်ပို့၊ သန်းခေါင်စာရင်းဝင် စာရွက် စသည်တို့ကို တပါတည်းယူသွားရန် လိုအပ်ပါသည်။ အိုင်ဒီကဒ် ရရှိပြီးသူ သင်၏ သူငယ်ချင်း ( ၀ါ ) ဆွေမျိုး တစ်ယောက်ယောက်ကို သင်၏ စာရွက်စာတမ်းမှန်ကန်ကြောင်း ထောက်ခံပေးသူ အဖြစ် သင်နှင့် အတူခေါ်သွားရန် လိုအပ်ပါသည်။ နောက်တစ်ချက် မှတ်ပုံတင်ရန် လိုအပ် သည်မှာ Social Insurance Office ( Försäkringkassan ) ခေါ် လူမှုအမာခံရုံး နှင့် မှတ်ပုံတင်ရန်ဖြစ်သည်။ လူမှု အမာခံရုံး နှင့် မှတ်ပုံတင်ခြင်းဖြင့် သင်၏ သားသမီးများ ငွေကြေး အကူအညီ ရရှိမှာ ဖြစ်သည်။ သင်နာမကျန်းဖြစ်သောအခါတွင်လည်း လိုအပ် သော ငွေကြေး အကူအညီ ရရှိ မှာ ဖြစ်ပါသည်။

အိမ်ထောင် ပရိဘောဂ အတွက် ချေးငွေ ။ ။ ။ သင်သည် Refugee တစ်ယောက် ( ၀ါ ) Refugee တစ်ဦး၏ ဆွေမျိုး ဖြစ်ခဲ့သော် သင်သည် ပရိဘောဂ ၀ယ်ယူရန်အတွက် ချေးငွေရ ရှိမှာ ဖြစ်ပါသည်။ ထိုငွေ ကို Hemutrustningslån ခေါ် အိမ်ထောင်ရိဘောဂ ချေးငွေ ဟုခေါ်သည်။ ထိုချေးငွေ ကို ချေးရာ တွင် သင် ၏ မိသားစု လူဦးရေ၊ သင်ဘယ်လောက် ငွေရှိသည်၊ သင်၏ အိမ်တွင် ပရိဘောဂ ရှိမရှိ ဆိုသည့် အပေါ်မူတည် ပြီး ချေးငွေကို The Centrala Studiestödsnämnden ( CSN ) မှချေးပေးမှာ ဖြစ်ပါသည်။

ဘာသာ စကား သင်ကြားခြင်း ။ ။ ။ ဆွီဒင်နိုင်ငံသို့ အသစ်ရောက်ရှိလာသော အသက် ၁၆ နှစ် အထက် ရှိသူများ ကို Kommun ခေါ် သက်ဆိုင် စည်ပင်သာယာရေး အဖွဲ့က ကူညီပေးသည်။ သင်ခန်းစာကို ဆွီဒင်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူ များ အတွက် ဆွီဒင်ဘာသာ စကား ( ခေါ် ) Svenska för invandrare ( SFI ) ကို သင်ကြား သည်။ တစ်ချို့ မြို့ မှာ Komvux ( ခေါ် ) အရွယ်ရောက်ပြီးသူများ တက်ရောက်သည့် ကျောင်းမှာ ဆွီဒင် ဘာသာစကားကို သင်ကြားပြီး တစ်ချို့ နေရာတွင် အဖွဲ့အစည်း၊ Company များ မှ ကူညီ ဆောင်ရွက်ပေးသည်။ ထို အတောအတွင်း ဆွီဒင် ဘာသာစကားသင်ကြားခြင်း နှင့် သူတို့၏ ယဉ်ကျေးမှု၊ အဖွဲ့အစည်း အကြောင်း လေ့လာခြင်း တို့ပါဝင်သည်။ တစ်ဦးချင်း ကိုသော်လည်းကောင်း၊ အဖွဲ့လိုက်ကို သော်လည်းကောင်း သင်ကြား နိုင်သည်။ ဘာသာစကား သင် ကြားသည့် အတောအတွင်း တဘက်မှာလည်း အလုပ်ခွင် စကားတတ်ကျွမ်းနိုင် ရန် အလုပ်ခွင် မှာ အလုပ်သင်ဆင်း ပြီး အလုပ်သင် အလုပ်လုပ် ရန်လိုအပ်ပါသည်။ အလုပ်သင် အလုပ်လုပ်သည့်အခါတွင်လည်း သင် စိတ်ဝင်စားသောအလုပ်၊ သင်၏ အရည်အချင်း ပေါ်မူတည်ပြီး လုပ်ငန်းများကွဲပြားနိုင်ပါသည်။ သင် သည် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုခု လုပ်ခဲ့ဘူးပါက သက်ဆိုင် Kommun ခေါ် စည်ပင် အဖွဲ့ က သင် အလုပ်ရရှိနိုင် ရန် သင့် ကို အလုပ်သင် ဆင်းစေပြီး လိုအပ်သော အခွင့်အရေး ဖန်တီး ပေးမှာဖြစ်ပါသည်။ ကလေးများ၊ လူငယ်လူရွယ်များ အတွက် ကျောင်း၊ မူကြိုကျောင်း တို့ တွင် အထူးပြင်ဆင် သင်ကြားပေးသည်။ ထို သင်ခန်းစာတွင် ဆွီဒင် ဘာသာစကား နှင့် ကျောင်း ၌ သင်ယူ ရန်ဖြစ်သော အရေးကြီးဆုံး ဖြစ်သော ဘာသာ တခုခု ကို သင်ကြားပေးသည်။ သတ်မှတ်ထားသော သင်ခန်း စာ ကို ကောင်းကောင်းမွန်မွန် ကလေးမျာ ကို ပုံမှန် စာသင်ကျောင်း သို့ ပြောင်းရွှေ့ ပေးမှာ ဖြစ်ပါသည်။ ဆွီဒင် ဘာသာ စကား အပြင် မိမိ၏ မိခင် ဘာသာ စကား ကို ကျောင်း ၌ သင်ယူ ရန် အခွင့်အလမ်း ရှိသည်။ သို့သော် တခု အရေးကြီး သည်မှာ ထို ဘာသာစကား ကို ပြောသော ကလေး လူဦးရေ ဘယ်နှစ်ယောက် ရှိသည် ဆို သည့် အချက် သည်လည်း အရေးကြီးလှ ပါသည်။ ထို ဘာသာစကား သည် လူနည်း နားလည်သော ဘာသာစကား မဖြစ်သည့် အပြင် ဆွီဒင် ဘာသာစကား သင်ယူရာ တွင် လည်းကောင်း၊ ဘာသာစကား တခုခု ကို သင်ယူ ရာ တွင် လည်းကောင်း အကျိုးပြုသော ဘာသာစကား ဖြစ်ရန် အရေး ကြီး သည်။ ဤကဲ့သို့ ကလေးများကို သူတို့၏ မိခင် ဘာသာစကားကို သင်ယူစေရာ တွင် ထို ဘာသာစကား ကို သင်ကြား ပို့ချ ပေးမည့် ဆရာ/မ များကို သက်ဆိုင် စည်ပင်ရုံး မှ စီစဉ်ပေးမည်ဖြစ်ပြီး လိုအပ်သော အကူအညီလည်း ပေးမှာ ဖြစ်ပါသည်။

ဆွီဒင်နိုင်ငံအတွင်း ပြောင်းရွှေ့ ခြင်း

ဆွီဒင်နိုင်ငံအတွင်း ရွေ့ပြောင်း လိုပါလျှင် ။ ။ ။ အခြား မြို့ ( ဝါ ) နေရာသို့ ပြောင်းလိုပါက အောက်ပါ အချက်များကို သိထားရင်ကောင်းမည်။
၁။ ကိုယ်ပြောင်းရွေ့လိုသော မြို့ ( Kommun ) တွင် အိမ် ကို ကိုယ့်ကိုယ်ကို တာဝန် ယူစီစဉ်ရပါမည်။
၂။ ကို်ယ် ပြောင်းလိုသော မြို့ ( Kommun )ရှိ သက်ဆိုင်တာဝန်ရှိ အကြီးအကဲ နှင့် တိုင်ပင်ဆွေးနွေးရန်လိုသည်။
၃။ လက်ရှိ နေထိုင်နေသော အိမ်ကို ပြန်အပ်ရန်လိုသည်။

အိမ်ပြန်အပ်နှံသည့်ကာလ ။ ။ ။ အိမ်ပြန်အပ်သည့် ကာလ သည် ( ၃ ) လဖြစ်ပါသည်။ ဥပမာ .... သင်သည် အိမ်ကို စက်တင်ဘာလ ၁၂ ရက်နေ့ တွင်ပြန်အပ်သည်ဆိုပါစို့ .....အိမ်ပြန်အပ်သည့် ကာလ ကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ စသည်ဖြင့် ရေတွက်ရ မည် ဖြစ်ပါသည်။ သင်သည် သတ်မှတ်ထားသော အချိန်ကာလ မပြီးသေးမှီ ပြောင်းသွားပါက သင်သည်အိမ် လခ ကို ပေးဆောင်သွား ရန် တာဝန်ရှိသည်။ သင်ပြောင်းလိုသော မြို့ ရှိ သက်ဆိုင်ရာ တာဝန်ရှိ အကြီးအကဲ ကို အသိပေး အကြောင်း မကြားဘဲ မပြောင်းသင့်ပါ။ ဒီလိုပြောင်းပါက သင်သည် နေစရာမရှိတော့သည့် အပြင် ဝင်ငွေပြတ်လပ် သွားနိုင်ပြီး စားစရာမရှိ နေစရာ မရှိဖြစ်သွားနိုင်သည်။ သင်သည် အိမ်၊တိုက် ခန်းဌားပါက အိမ်ဌား စာချုပ် စာရွက်စာတမ်းကို သင်လက်ရှိ နေထိုင်ရာ Kommun ရုံးသို့ အကြောင်းကြား ပြသ ရန် လိုသလို သင်ပြောင်းလိုသော မြို့ ( Kommun ) ရှိ တာဝန်ရှိအရာရှိ ၏ နာမည် ကို လည်း ပြောပြ ရန်လိုသည်။ သို့မှသာလျှင် သူတို့ က သင် မပြောင်း မှီ လိုအပ်သော အကူအညီ ရမှာဖြစ်သည်။

မိသားစု ပြန်လည်ပေါင်းစည်း ခြင်း

မိသားစု ပြန်လည်ပေါင်းစည်း လိုပါက အောက်ပါအချက်များ အတိုင်းဆောင်ရွက် ရန် ဥပမာအားဖြင့် ..... ( ၁ ) မာရီယား က ဆွီဒင်နိုင်ငံတွင် နေထိုင်သော သူ၏ ယောက်ျား အန်ထော်နီ နှင့် အတူ ပြန်လည်ပေါင်းစည်းနေထိုင် လိုပါက မာရီးယားသည် သူလက်ရှိ နေထိုင်ရာ နိုင်ငံရှိ ဆွီဒင်သံရုံးသို့ သွားပြီး ဆွီဒင်နိုင်ငံ တွင်နေတွင် နေထိုင်သူ သူ၏ ယောက်ျား နှင့် ပေါင်းစည်း လိုကြောင်း၊ ဆွီဒင်နိုင်ငံတွင် နေထိုင်လိုကြောင်း လျှောက်လွာတင်ရပါမည်။
( ၂ ) မရီးယား နေထိုင်ရာ နိုင်ငံ ဆွီဒင်သံရုံး ရှိ သက်ဆိုင်ရာ တာဝန်ရှိများ က မာရီးယား ကို ဆွီဒင်နိုင်ငံတွင် နေထိုင် လိုသည့် ကြောင်းအရာကို မေးမြန်း မှာဖြစ်ပါသည်။
( ၃ ) မာရီးယား နေထိုင်ရာ နိုင်ငံရှိ ဆွီဒင် သံရုံးက အကြောင်းအရာ အားလုံး ကို ဆွီဒင်နိုင်ငံရှိ လူဝင်ကြီးကြပ်ရေးရုံးသို့ အကြောင်းကြား လွဲ ပေးမှာဖြစ်ပါသည်။
( ၄ ) အကြောင်းအရာအားလုံးကို ဆွီဒင်နိုင်ငံရှိ ဆွီဒင်လူဝင်ကြီးကြပ်ရေးရုံး က ပြန်လည်စစ်ဆေး သုံးသပ် မှာဖြစ်သည်။
( ၅ ) The permit Unit ဟုခေါ်သော ဆုံးဖြတ်ပိုင်ခွင့် ရှိသည့် ဌာန က မာရီးယား၏ ယောက်ျား အန်ထော်နီ ကို အကျိုး အကြောင်းမေးမြန်းရန် တာဝန်ရှိ တစ်ယောက်ယောက် စေလွတ် မည်ဖြစ်သည်။ ( စာရွက် စာတမ်း ပို့ပေး ခြင်း လည်း ဆောင်ရွက် နိုင်သည်။ )အန်ထော်နီ က မာရီးယာ နှင့် လင်မယား ဖြစ် ကြောင်း ဖြေကြား ပြီး နောက် ထိုအကြောင်း အရာ အားလုံး ကို The permit Unit ဆိုသည့် ဌာန သို့ အန်ထော်နီ ကို မေးမြန်းသော သူ တာဝန်ရှိ မှ တဆင့် ရောက်ရှိသွားမှာဖြစ်ပါသည်။ ( စာရွက် စာတမ်း များကို ဖြေကြား ပြီး ပြန်ပို့ ခြင်းဖြင့် လည်း ရောက်ရှိနိုင်သည်။ )
( ၆ ) ဆွီဒင်လူဝင် ကြီးကြပ်ရေး ဌာန က အကြောင်းအရာ အားလုံးကို ပြန်လည် သုံးသပ် ပြီး ( လက်ခံ မခံ ) ဆုံးဖြတ် မှာဖြစ်သည်။
( ရ ) ဆွီဒင်လူဝင်ကြီးကြပ်ရေးရုံး က မာရီးယားနေထိုင်ရာ နိုင်ငံ ရှိ ဆွီဒင် သံရုံး သို့ ထိုဆုံးဖြတ်ချက် အကြောင်းအရာ အားလုံး ကို ပြန်လည်ပို့ပေးမှာ ဖြစ်သည်။ ထိုနည်းလည်းကောင်း အန်ထော်နီ ကိုလည်း ပို့ပေး မှာ ဖြစ်ပါသည်။ လက်ခံ အကြောင်းကြားစာ................... ဒါမှမဟုတ်................... လက်မခံကြောင်း အကြောင်းကြားစာ လက်မခံ ပါက မာရီးယား သည် ဆွီဒင် လူဝင်ကြပ်ရေး ဥပဒေရုံး သို့ အယူခံလွာ တင်နိုင် သည်။

ဆွီဒင်နိုင်ငံ ၏ မြေမျက်နှာပြင်၊ ရာသီဥတု နှင့် လူဦးရေ

ဆွီဒင်နုင်ငံ သည် ဥရောပ နိုင်ငံများ ၏ စတ္ထု မြောက် အကြီးဆုံး နိုင်ငံ ဖြစ် သည်။ ကီလိုမီတာ ၅၀၀ ကျယ် ပြီး အရှည်သည် မြောက် မှ တောင် သို့ ၁၆၀၀ ကီလိုမီတာရှည်လျား သည်။ မြေမျက်နှာပြင် သည် စတုရန်း ဧရိယာ သည် ၄၅၀ ၀၀၀ ကီလိုမီတာ ရှိသည်။ တစ်နုင်ငံ လုံး ၏ လူဦးရေ သည် ၉ သန်း ရှိသည်။ နိုင်ငံ၏ တောင်ပိုင်း တွင် လူနေမှု ထူထပ်ပြီး အလွန်ကျယ်ပြန့် သော မြောက်ပိုင်း တွင်မူ လူနေမှု အလွန် ကျဲ သည်။ နိုင်ငံ ၏ မြို့ တော်သည် Stockholm မြို့ ဖြစ်ပြီး လူဦးရေ ၁.၅ သန်းကျော် နေထိုင် သည်။ ဒုတိယ အကြီးဆုံး မြို့ သည် Göteborg မြို့ဖြစ်သည်။ Malmö ၊ Uppsala ၊ Linköping စသည် မြို့ များ သည်လည်း Göteborg မြို့ ပြီး လျှင် အသီးသီး လိုက် ကြသည်။

ဆွီဒင်နိုင်ငံ တွင် ရာသီဥတု (၄ )မျိုး ရှိသည်။ ၄င်းတို့ မှာ ဆောင်း ဥတု ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ တို့ဖြစ်သည်။ ဆွီဒင် နိုင်ငံသည် ရှည်လျား သည့် အတွက် ရာသီဥတု သည် လည်း တနေရာ နှင့် တနေရာ ကွဲပြား ခြားနား သည်။ ဆောင်းရာသီတွင် နှင်းထူထပ်စွာ ကျသဖြင့် စနိုးထူထပ်စွာ ဖုံးလွမ်း လျှက် ရှိ သည်။ နိုင်ငံ ၏ တောင်ပိုင်း နှင့် မြောက်ပိုင်း ကမ်းရိုးတန်းတလျှောက် တွင် ရာသီဥတု လွန်စွာ ကွဲပြား မှုရှိသည်။ ကမ်းရိုးတန်း သည် ရှည်လျား ပြီး ကမ်းရိုးတန်း တလျောက် တချို့ နေရာ တွင် ကျွန်း များ တွေ့ ရှိသည်။

မှတ်ချက် ။ ။ ဗမာ စာရေးရာ တွင် တချို့စကားလုံး ရေး မရလို့ မပြည့်စုံ တဲ့ အတွက် သည်းခံ ပြီး ဖတ်ပေးကြပါ။

Stephen
Övertorneå

No comments:

Post a Comment