Burmese Version
Chin Community in Sweden
ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေများ
အပိုဒ် ( ၁ )
၁။ အဖွဲ့အစည်း၏ အမည်နာမ၊ အမှတ်လက္ခဏာ နှင့် ဆောင်ပုဒ်များ
၁.၁ အဖွဲ့အစည်း၏ အမည်ကို Chin Community in Sweden (CCS)ဟုခေါ်ဝေါ်သည်။
၁.၂ အဖွဲ့အစည်း၏ အမှတ်လက္ခဏာသည် အောက်ချင်းဌက် ဖြစ်ပါမည်။
၁.၃ အဖွဲ့အစည်း၏ ဆောင်ပုဒ်သည် တစ်ဦး ကို တစ်ဦး အပြန်အလှန်အစေခံ ကြရန် ဖြစ်သည်။
အပိုဒ် ( ၂ )
၂။ ရည်ရွယ်ချက်များ
၂.၁ ဆွီဒင်နိုင်ငံ၌ မှီတင်းနေထိုင်ကြသော ချင်းလူမျိုးများအား သာရေးနာရေး များတို့ ၌ မှီခို အားထားရာ ဖြစ်စေ ရန်။
၂.၂ ဆွီဒင်နိုင်ငံတွင် နေထိုင်ကြသော ချင်းလူမျိုးများ အဘက်ဘက်မှ တိုးတက်လာစေ ရန်။
၂.၃ ချင်း စာပေ ၊ဘာသာစကား၊ ယဉ်ကျေးမှု နှင့် မွေးရာပါလွတ်လပ်မှုတို့ ကို မြှင့်တင် ရန်။၂.၄ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရန် နှင့် မွေးရာပါ အခွင့်အရေး ရရှိရန် တတ်နိုင်သည့်ဘက်မှ ပါဝင် လုပ်ဆောင်ရန်။
၂.၅ ချင်းပြည်နယ် နှင့် ချင်းလူမျိုးများ တိုးတက်ရေး အတွက် အဘက်ဘက် မှ ဆောင်ရွက်ရန်။
အပိုဒ် ( ၃ )
၃.၁။ အသင်းဝင်ဖြစ်ခြင်း
၃.၁.၁ ဆွီဒင်နိုင်ငံတွင် နေထိုင်သူ ချင်းလူမျိုးများ အားလုံး ကို အသင်းဝင်များအဖြစ် မှတ်ယူသည်။
၃.၁.၂ CCS သည် ချင်းလူမျိုးများ အတွက်သာလျှင် မဟုတ်ဘဲ လူမျိုးမတူ သူ အခြားသော လူမျိုးများ အနေ နှင့်လည်း CCS ၏ လုပ်ငန်း ဆောင်တာများ ကို လက်ခံပါက အသင်းဝင် နိုင်ပါသည်။
၃.၁.၃ အသင်းဝင်အားလုံး သည် ကျောသားရင်သား မခွဲခြားဘဲ အသင်းဝင်များ၏ ရပိုင်ရထိုက်သော အခွင့်အရေးများ ကို ရရှိ စေရမည်။
၃.၁.၄ အသင်းဝင် အားလုံးသည်လည်း CCS က လုပ်ဆောင် ရန် သတ်မှတ်ထားသည့် တာဝန်များ အပြင် သတ်မှတ်ထားသော အသင်းဝင်ကြေး ကို လည်းပေးဆောင် ရပါမည်။၃.၁.၅ CCS ၏ အသင်းဝင် အသက် ၁၈ နှစ်ရှိပြီး သူ အားလုံး မဲ ပေးပိုင်ခွင့် ရှိ သည်။
၃.၂။ အသင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ
၃.၂.၁ Chin Community In Sweden ကို Excutive Commitee ( EC )ခေါ် အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်ဦးရေ (၁၇) ဦးဖြင့် ဖွဲ့စည်း ထားပါသည်။
၃.၂.၂ EC ၌ ပါဝင်သော အလုပ်အမှုဆောင်ပုဂ္ဂိုလ်များ ကို အောက်ပါ တာဝန်များ အပ်နှင်းထားပါသည်။
( က ) ဥက္ကဌ
( ခ ) ဒု ဥက္ကဌ ( ၁ )
( ဂ ) ဒု ဥက္ကဌ ( ၂ )
( ဃ) အထွေထွေအတွင်းရေးမှုး
( င ) တွဲဖက် အတွင်းရေးမှုး ( ၁ )
( စ ) တွဲဖက် အတွင်းရေးမှုး ( ၂ )
(ဆ ) ဘဏ္ဍာရေးမှုး
(ဇ) ဘဏ္ဍာထိန်း
(ဈ) အဖွဲ့ဝင် အကူများ
အပိုဒ် ( ၄ )
၎။ အလုပ်တာဝန် နှင့် လုပ်ပိုင်ခွင့်အဏာများ
၎.၁ Community ဘုတ် အဖွဲ.
၎.၁.၂ Community ဘုတ်အဖွဲ. ကို အကြံပေး အဖွဲ့ ၊ အလုပ်အမှုဆောင်ကော်မတီ၊ စာရင်းစစ် အဖွဲ့၊ အမျိုးသမီးကိုယ်စား လှယ်အဖွဲ့ နှင့် လူငယ်ကိုယ်စားလှယ် အဖွဲ့များ ဟူ၍ပါဝင်သည်။
၎.၁.၃ Community ဘုတ်အဖွဲ့သည် စာရင်းစစ်များ၏ အစီရင်ခံစာများ နှင့် အလုပ်အမှုဆောင် ကော်မတီတို့၏ ဆောင်ရွက်ချက်များ ကို သိပိုင်သော အခွင့်ရှိသည်။
၎.၂။ Executive Commitee ( EC ) ခေါ် အလုပ်အမှုဆောင် ကော်မတီ
၎.၂.၁ EC သည် Chin Community In Sweden အသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ အတိုင်း ဆက်လက် ရပ်တည်သွားနိုင်ရန် ဆောင်ရွက်ရမည့် တာဝန်ရှိသည်။
၎.၂.၂ EC သည် Community ဘုတ်အဖွဲ့ ၏ အစည်းအဝေးများ ကို စည်းမျဉ်းစည်းကမ်း နည်းလမ်း အတိုင်း ခေါ်ယူရပါမည်။
၎.၃။ ဥက္ကဌ
၎.၃.၁ Chin Community In Sweden ကို ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ အတိုင်း ဦးဆောင်ရာတွင် ဥက္ကဌ သည် လုပ်ပိုင်ခွင့် အရှိဆုံး ဖြစ်သည်။
၎.၃.၂ NGOs ခေါ် အစိုးရ မဟုတ်သော အဖွဲ့အစည်း နှင့် အခြားအခြားသော အဖွဲ့အစည်းများမှ လူကြီးများ နှင့် တွေ့ဆုံရာတွင် လည်းကောင်း၊ အသင်းဝင်အဖြစ်ပါ ပါဝင်ရန်ရှိခဲ့လျှင်လည်းကောင်း အလုပ်အမှုဆောင်များ၏ ထောက်ခံမှုကို ရယူရမည်။၎.၃.၃ EC အစည်းအဝေးတိုင်းတွင် သဘာပတိအဖြစ် ဆောင်ရွက်ရပါမည်။
၎.၃.၄ အစည်းအဝေး အတွင်း မဲ ပေးပိုင်ခွင့် မရှိသော်လည်း ကော်မတီဝင် များ တဘက် နှင့် တဘက် မဲ အရေအတွက် တူခဲ့ပါက ဥက္ကဌ သည် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
၎.၃.၅ Chin Community In Sweden အနေဖြင့် တနေရာရာသို့  စာရေးရန် လိုအပ်သောအခါတွင်လည်းကောင်း၊ ထုတ်ပြန်ချက် ထုတ်ပြန်ရန် လိုအပ်သည့်အခါတွင် လည်းကောင်း ဥက္ကဌ က လက်မှတ်ရေးထိုးရမည်။
၎.၃.၆ နိုင်ငံရပ်ခြားသို့ တစ်လနှင့်အထက် ခရီးထွက်ရန် ရှိပါက ဒု ဥက္ကဌ ( ၁ ) ထံ တာဝန်လွှဲပေး ရမည်။
၎.၄။ ဒု ဥက္ကဌ ( ၁ )
၎.၄.၁ ဥက္ကဌ ကို လိုအပ်လျှင် လိုအပ်သလို ကူညီပေး ရမည်။
၎.၄.၂ ဥက္ကဌ မရှိပါက သူ၏ တာဝန်များကို ဆက်လက် တာဝန်ယူ ဆောင်ရွက်ရမည်။
၎.၅။ ဒု ဥက္ကဌ ( ၂ )
၎.၅.၁ ဥက္ကဌ နှင့် ဒု ဥက္ကဌ ( ၁ ) တို့ကို လိုအပ်လျှင် လိုအပ်သလို ကူညီရမည်။
၎.၅.၂ ဥက္ကဌ နှင့် ဒု ဥက္ကဌ ( ၁ ) တို့ မရှိပါက အထက်ပါဖော်ပြပြီး တာဝန်များ ကို လက်ဆင့်ကမ်း တာဝန်ယူ ထမ်းဆောင်ရမည်။
၎.၆။ အထွေထွေ အတွင်းရေး မှုး
၎.၆.၁ အထွေထွေ အတွင်းရေးမှုး သည် အစည်းအဝေး မှတ်တမ်းများ ၊ အခြားအခြားသော စာရွက်စာတမ်းများ၊ နှင့် ကော်မတီ တံဆိပ်တုံးများကို ထိန်းသိမ်း ရမည်။
၎.၆.၂ EC အစည်းအဝေး၏ ဆုံးဖြတ်ချက်များ မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ဦးစီးဦးဆောင် လုပ်ရမည့်အပြင် ဆုံးဖြတ်ချက်များ၊ လုပ်ငန်းများ ပြီးမြောက်နိုင်ရန် ဥက္ကဌ နှင့် ညှိနိုင်း ဆွေးနွေး နေရမည်။
၎.၆.၃ Chin Community In Sweden နှင့် ပတ်သက်၍ EC အစည်းအဝေး ကို ဥက္ကဌ ၏ ထောက်ခံချက်ဖြင့် ခေါ်ယူရပါမည်။
၎.၆.၄ EC အစည်းအဝေးတိုင်းတွင် အစည်းအဝေးမှတ်တမ်း ( minutes ) ရေးပေးရမည် ဖြစ်သည်။
၎.၆.၅ တစ်လနှင့် အထက် နိုင်ငံရပ်ခြား ခရီးထွက်ရန် ရှိပါက တွဲဖက်အတွင်းရေးမှုး ( ၁ )ထံ တာဝန်လွှဲအပ် ရမည်။
၎.၇။ တွဲဖက်အတွင်းရေးမှုး ( ၁ )
၎.၇.၁ အထွေထွေအတွင်းရေးမှုး ကို လိုအပ်သလို ကူညီ ရမည်။
၎.၇.၂ အထွေထွေ အတွင်းရေးမှုး မရှိပါက သူ၏ တာဝန် များဆက်လက် ထမ်းဆောင် ရပါမည်။
၎.၈။ တွဲဖက်အတွင်းရေးမှုး ( ၂ )
၎.၈.၁အထွေထွေ အတွင်းရေးမှုး နှင့်တွဲဖက်အတွင်းရေးမှုး ( ၁ ) တို့ ကို လိုအပ်သလိုကူညီ ရမည်။
၎.၈.၂ အထွေထွေအတွင်းရေးမှုး နှင့် တွဲဖက်အတွင်းရေးမှုး ( ၁ )တို့ မရှိခဲ့သော် ထိုသူတို့ ၏ တာဝန်များကို လက်ဆင့် ထမ်းဆောင် ရပါမည်။
၎.၉။ ဘဏ္ဍာရေး မှုး
၎.၉.၁ CCS ၏ ဝင်ငွေ နှင့် သုံးငွေများကို အစီအစဉ်အတိုင်း ဖြစ်စေရန် တာဝန်ရှိသည်။ ၄.၉.၂ CCS ဝင်ငွေ၊ ထွက်ငွေ နှင့် လက်ကျန်ငွေများကို ဥက္ကဌ နှင့်အတွင်းရေးမှုး တို့အား အသိပေးရမည်။
၎.၉.၃ CCS အတွက် ဝင်ငွေရှာ ရာတွင် တာဝန်အရှိဆုံးဖြစ်ပြီး ဝင်ငွေရရှိရေး အတွက် လိုအပ်သလို တာဝန်ယူဆောင်ရွက် နို်င်သည်။
၎.၁၀။ ဘဏ္ဍာထိန်း
၎.၁၀.၁ ဘဏ္ဍာထိန်းသည် Chin Community In Sweden ၏ ငွေများကို လစ်လပ်မှု မရှိရလေအောင် ထိန်းသိမ်းပေးရမည်။
၎.၁၀.၂ အသင်း၏ ငွေများကို EC ထောက်ခံချက်အရ အဝင်အထွက် စာရင်း ပြုစုရမည်။၎.၁၀.3 ငွေ စာရင်းများကို လိုအပ်လျှင် လိုအပ်သလို အစီရင်ခံရန် တာဝန်ရှိသည်။
၎.၁၀.၄ ဝင်ငွေ၊ ထွက်ငွေနှင့် ပတ်သက်၍ မှန်ကန်သော စာရင်းဇယားများ မပြနိုင်ခဲ့ပါက လိုအပ်ရင်လိုအပ် သလို အရေးယူခံ ရနိုင်သည်။
၎.၁၀.၅ အရေးပေါ်ကိစ္စများ၌ ငွေ Kr ၅၀၀၀ သာ ဘဏ်မှ ထုတ်ယူပိုင်ခွင့် ရှိသည်။ သို့သော် Kr ၅၀၀၀ ထက် ပိုထုတ်ရန် လိုအပ်လာလျှင် ဥက္ကဌ နှင့် အတွင်းရေးမှုး တို့၏ ထောက်ခံမှု ရမှသာလျှင် ထုတ်ယူနိုင်သည်။
၎.၁၁။ စာရင်းစစ်များ
၎.၁၁.၁ အသင်း ဝင်ငွေများ ကို တစ်နှစ် တစ်ကြိမ် ပုံမှန်စာရင်းစစ် ရပါမည်။
၎.၁၁.၂ စာရင်းစစ်များသည် ငွေစစ်ရန် လိုအပ်လာသောအခါ၌သာ EC က အပြင်လူပုဂ္ဂိုလ် ( ၂ ) ဦး ကို ရွေးချယ်ပြီး EC အဖွဲ့ဝင် တစ်ဦးဦး နှင့် ကူညီ၍ စာရင်း စစ်ဆေး ရမည်။
၎.၁၂။ အကြံပေးများ
၎.၁၂.၁ အကြံပေးများသည် CCS ၏ ဦးဆောင်မှု အောက်၌ လိုအပ်သလို အကြံပေးမှာဖြစ်သလို လိုအပ်ပါက အင်နှင့် အားနှင့် ပါဝင်လာရမည် ဖြစ်မည်။
၎.၁၂.၂ EC ၏ ပုံမှန် အစည်းအဝေး နှင့် အရေးပေါ်အစည်းအဝေးများကို EC အဖွဲ့ က လိုအပ်၍ ဖိတ်ကြားမှ သာလျှင် အစည်းအဝေးတက်ရောက်
ရပါမည်။
အပိုဒ် ( ၅ ) ၅။ ပုံမှန်အစည်းအဝေး နှင့် မျက်နှာဆုံညီအစည်းအဝေး
၅.၁ မျက်နှာဆုံညီ အစည်းအဝေး
၅.၁.၁ CCS မျက်နှာဆုံညီအစည်းအဝေးသည် CCS အစည်းအဝေးများ အားလုံး ၏ အမြင့်ဆုံး အစည်းအဝေး ဖြစ်ရမည်။
၅.၁.၂ မျက်နှာဆုံညီအစည်းအဝေးပွဲ ကို တစ်နှစ် လျှင် တစ်ကြိမ်ကျင်းပ ရပါမည်။
၅.၁.၃ နှစ်စဉ် ရွေးကောက်ပွဲ မကျင်းပမှီ မျက်နှာဆုံညီအစည်းအဝေးကို ကျင်းပရမည်။၅.၁.၄ ထိုအစည်းအဝေးတွင် ရွေးကောက်ပွဲကော်မရှင်ကို ရွေးချယ်ရမည်။
၅.၁.၅ ရွေးကောက်ပွဲကော်မရှင် အဖြစ် လူပုဂ္ဂိုလ် ( ၃ )ဦးကို ရွေးချယ်မှာ ဖြစ်ပြီး ထိုပုဂ္ဂိုလ် ( ၃ ) ဦးသည် ရွေးကောက်ပွဲတွင် ပါဝင်အရွေးပိုင်ခွင့် မရှိရပါ။
၅.၁.၆ မျက်နှာဆုံညီအစည်းဝေးမှ ရွေးချယ်ထားသော EC အလုပ်အမှုဆောင် ( ၁၇ ) ဦးတို့၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကာလသည် ( ၂ ) အတွက်သာ ဖြစ်ပါမည်။၅.၁.၇ မျက်နှာဆုံညီအစည်းအဝေး၌ သာလျှင် CCS ၏ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေများ ကို ပြန်လည်သုံးသပ်ခြင်း ၊ ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရမည်။
၅.၁.၈ မျက်နှာဆုံညီအစည်းအဝေး၌ မဲ ( ၃ ) ပုံ ( ၂ ) ပုံ ရှိမှသာ ဖွဲ့စည်းပုံစည်းမျဉ်း ဥပဒေများ ကို ဖြည့်စွက်ပိုင်ခွင့် ရှိသည်။
၅.၂။ ပုံမှန်အစည်းအဝေး
၅.၂.၁ EC ပုံမှန်အစည်းအဝေး ကို အနည်းဆုံး ( ၃ )လ တစ်ကြိမ် ပြုလုပ် ရမည်။
၅.၂.၂ EC ပုံမှန်အစည်းအဝေး ကို EC အလုပ်အမှုဆောင်များ တဝက်ကျော်ကျော် တက်ရောက် မှသာလျှင် အစည်းအဝေး အထမြောက် မည်ဖြစ်သည်။
၅.၃။ အရေးပေါ်အစည်းအဝေး
၅.၃.၁ အရေးပေါ်အစည်အဝေးကို EC အလုပ်အမှုဆောင်များ က လိုအပ်သည် ဆိုမှသာလျှင် ခေါ်ယူနိုင်သည်။
၅.၃.၂ အဖွဲ့ဝင် သုံးပုံတစ်ပုံ က ဥက္ကဌ ကို အကြောင်းကြားပြီး တောင်းဆိုပါက အရေးပေါ်အစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်သည်။
၅.၃.၃ အရေးပေါ်အစည်းအဝေးသည် EC ( OB ) မှ အနည်းဆုံး ၃ ဦး နှင့် EC အလုပ်အမှုဆောင်များ မှ အနည်းဆုံး ၅ ဦး အားလုံး ၈ ဦး တက်ရောက် နိုင်မှ သာ လျှင် အစည်းအဝေး ပြုလုပ်နိုင်သည်။
၅.၄။ Community ဘုတ် အဖွဲ့ အစည်းအဝေး
၅.၄.၁ ဤအစည်းအဝေး ကို ( ၁ ) နှစ် လျှင် တစ်ကြိမ် ပြုလုပ် ကျင်းပရန်ဖြစ်သည်။၅.၄.၂ ဘုတ် အဖွဲ့ အစည်းအဝေး ၌ သဘာပတိ အဖြစ် ဆောင်ရွက် ပေးမည့် သူ ကို အစည်းအဝေး တက်ရောက်လာ သူများထဲ မှ တစ်ဦးဦး ကို ရွေးချယ် ရပါမည်။
အပိုဒ် ( ၆ )
၆.၁။ CCS ပိုင်ပစ္စည်း များ
၆.၁.၁ CCS ပိုင်ဆိုင် သော ပစ္စည်းများ နှင့် ငွေအားလုံး သည် CCS ရှိနေသရွေ့ ကာလ ပတ်လုံး CCS ပိုင်ပစ္စည်း ဖြစ်ရမည်။
၆.၁.၂ CCS ပိုင်ပစ္စည်း အားလုံး ကို EC အလုပ်အမှုဆောင်များထဲ မှ CCS ပိုင်ပစ္စည်းများ ကို ထိန်းသိမ်းပေးရန် ရွေးချယ်ထားသော ပုဂ္ဂိုလ် များက တာဝန်ယူ ထိန်းသိမ်းပေးရန်
၆.၂။ သတိပေး ချက် ။ ။ ။ ဤ စည်းမျဉ်းစည်းကမ်း၌ ပါသော တာဝန်များကို ဆန့်ကျင်၍ မမှန်ကန်သောနည်းဖြင့် လုပ်ဆောင်ပါက လိုအပ်သလို အရေးယူ ခံနိုင်သည်။
အပိုဒ် ( ၇ )
၇.၁။ သတ်မှတ်ထားသော သက်တမ်း ( term ) ကာလ
၇.၁.၁ ဥက္ကဌ နှင့် အတွင်းရေးမှုး တို့သည် သက်တမ်းသည် ( ၂ ) နှစ် သက်တမ်းဖြစ်ပြီး၊ ( ၄ ) နှစ်သာလျှင် ဆက်ထမ်းဆောင် နိုင်သည်။
၇.၂။ အသင်း ဖျက်သိမ်းခြင်း
၇.၂.၁ CCS သည် အနာဂတ်တွင် ဆက်လက် ရပ်တည်နိုင်ရန် အခြေအနေ မရှိပါက အသင်း၏ ငွေများ နှင့် ပစ္စည်းများ အာလုံး ကို အများပြည်သူထံ ပြန်လည်ပေးအပ် ရမည်။၇.၂.၂ အများပြည်သူ က ဤကဲ့သို့သော ပစ္စည်းများ နှင့် ငွေများ ပြန်လည်ပေးအပ်ခြင်းကို လက်မခံလျှင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊ လူမှုကိစ္စများအတွက် အလုပ်လုပ်နေကြသော အဖွဲ့များအား လှူဒါန်းသွားမှာ ဖြစ်သည်။
အပိုဒ် ( ၈ )
၈.၁.၁ CCS ၏ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေများတွင် ပါဝင်သော အချက်များ အားလုံးသည် အထွေထွေညီလာခံ တက်ရောက်သူ ၃ ပုံ ၂ ပုံဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
၈.၁.၂ ဤ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေများကို ၁၂.၀၉.၂၀၀၉ ရက်နေ့တွင်း Community အတွင်း လိုက်နာရန် အတည်ပြု ခဲ့ပါသည်။
မှတ်ချက် ။ ။ Chin Community In Sweden သည် ဆွီဒင်နိုင်ငံတွင် မှီတင်းနေထိုင်ကြသော ချင်းလူမျိုးတို့၏ စာပေနှင့်ဘာသာစကား၊ ယဉ်ကျေးမှု နှင့် စီးပွားဖြို့ဖွံ့တိုးတက်ရေး စသည့်တို့ကို မြှင့်တင်ရန် တည်ထောင်ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။ **********************************************
Monday, 28 September 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment