Tuesday, 29 September 2009

Burmese Version
Stofors အစည်းအဝေး ဆုံးဖြတ်ချက်များ
► ရက်စွဲ ၁၂.၀၉. ၂၀၀၉

► အချိန် မနက် ၁၀ နာရီ
► နေရာ Pi Nu Vang Inn
► သဘာပတိ Pu Louren Hngak
► မှတ်တမ်း ရေး Salai Biak Tum Lian ၁။ Pu Duh Bik မှ ဆုတောင်းခြင်း ဖြင့် အစည်းအဝေး ကို အစပြုသည်။

၂။ သဘာပတိ မှ အစည်းအဝေး ကျင်းပ ရခြင်း အကြောင်းရင်း ကို ရှင်းပြသည်။

၃။ အစည်းအဝေး တင်ပြချက် ( Agenda ) များ

(က) CCS ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ များ
(ခ) CCS ပေါ်လစီ
(ဂ) တံဆိပ်တုံး
(ယ) Letter Head
(င) CCS နှင့် CCFS လက်တွဲ လုပ်ရမည့် လုပ်ငန်း များ
(စ) အစည်းအဝေးတက်ရာ တွင် ကုန်ကျသော စရိတ်(ဆ) လာမည့် နှစ်တွင် ပြုလုပ်ကျင်းပ မည့် မျက်နှာဆုံညီ အစည်းအဝေး နှင့် ကျင်းပ မည့် နေရာ

(က) CCS ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ များ

ရေးဆွဲထား ပြီးသော မူကြမ်းကို ပြန်လည် ဆွေးနွေးသုံးသပ် ပါသည်။


( ခ ) CCS ပေါ်လစီ သာရေး နာရေး ဆိုရာတွင် ဆွီဒင် နိုင်ငံတွင်း နှင့် ပြည်ပ ဟူ၍ နှစ်မျိုး နှစ်စားခွဲ ထားသည်။

နာရေး ( ပြည်တွင်း)

(၁) ဤနိုင်ငံ၌ နေထိုင်သော ချင်းလူမျိုးများ အထဲမှ တစ်စုံတစ်ဦး သေဆုံးခဲ့သည် ရှိသော် Kr ၅၀၀၀ ကို မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းခြင်း အမှတ်အဖြစ် ပေးရန်။
(၂ ) ဆွီဒင်နိုင်ငံတွင် နေထိုင်သော ချင်းလူမျိုးမဟုတ်သူ( မြန်မာနိုင်ငံသား တစ်ဦးဦး သေဆုံးပါက) ဝမ်းနည်းခြင်း အဖြစ် Kr ၁၀၀၀ ပေးရန်။
( ၃ )ဆွီဒင်နိုင်ငံတွင် နေထိုင်သော ချင်းလူမျိုးများထဲမှ တစ်စုံတစ်ယောက် သည် မတော်တဆကြောင့် သော်လည်းကောင်း၊ အခြားသော အကြာင်းကြောင်း ကြောင့် သော်လည်းကောင်း ရာသက်ပန် ကိုယ်လက်အင်္ဂါ မသန်မစွမ်း ဖြစ်လာမည်ဆိုလျှင်
Kr ၁၀၀၀၀ ကူညီရန်။
( ၄ ) ဤနိုင်ငံတွင် နေထိုင်သော ချင်းလူမျိုး တစ်ဦးဦး ဆေးရုံတက်လျှင် EC လူကြီးများ က လူနာ၏ အခြေအနေ ကို သုံးသပ် ပြီး လိုအပ်သလို ကူညီရန်။

နာရေး( ပြည်ပ)

(၁) ဆွီဒင်နိုင်ငံ ၌ နေထိုင်ကြသော ချင်းလူမျိုးများ ထဲ မှ မိဘနှစ်ပါး၊ညီကိုမောင်နှမ အရင်း (ဖအေတူ မအေကွဲ၊ မအေတူ ဖအေကွဲ ) တို့သည် မြန်မာနိုင်ငံတွင် သော်လည်းကောင်း၊ အခြားနိုင်ငံတစ်နိုင်ငံ တွင် သော်လည်းကောင်း သေဆုံးသွားပါက Kr ၂၀၀၀ ပေးရန်။မှတ်ချက် ။ ။ ဤနေရာမှာ အသင်းဝင်ကြေး နှင့် လစဉ်ကြေးပေး သူ မဖြစ်ပါက
Kr ၁၅၀၀ သာပေး ရန်၊၊

သာရေး

( ၁ ) ဆွီဒင်နိုင်ငံနေ ချင်းလူမျိုးများ တစ်ဦးဦးက ကလေးမွေး လျှင် Kr ၅၀၀ ပေးရန်။
( ၂ ) ဆွီဒင်နိုင်ငံနေ ချင်း လူငယ်လူရွယ်များ၊ ကလေးသူငယ်များ ထဲ မှ ကျောင်း ၌သော်လည်းကောင်း၊ အားကစား နှင့် အခြားအခြားသော ကဏ္ဌများ တွင် လည်းကောင်း ထူးချွှန်သော သူရှိ လျှင် Kr ၁၀၀၀ နှင့် ဂုဏ်ထူးဆောင်လက်မှတ် ဖြင့် ချီးမြှင့်ဂုဏ်ပြုသွား ဖြစ်သည်။

( ၃ ) ဆွီဒင်နိုင်ငံနေ ချင်းလူမျိုးများ ထဲ မှ ဘွဲ့၊ ဒီဂရီ ရယူပေးနိုင်သူ ရှိလျှင် EC လူကြီးများ က သုံးသပ်ပြီး ဂုဏ်ပြုချီးမြှင့်ခြင်း ပြုလုပ်မည်ဖြစ်သည်။
( ၄ ) ဆွီဒင်နိုင်ငံနေ ချင်းလူမျိုးများ ထဲ မှ ထုံးတမ်းစဉ်လာ အတိုင်း လက်ထပ်ထိမ်းမြား သူတိုင်းကို Kr ၅၀၀ ကို လက်ဖွဲ့ အဖြစ် ပေး ရန်။


( ဂ ) တံဆိပ်တုံး တံဆိပ်တုံးကို ရုံး တံဆိပ်၊ ဥက္ကဌ တံဆိပ်၊ အထွေထွေအတွင်းရေးမှူး တံဆိပ် ဟူ၍ ရှိမည်ဖြစ်ရာ ထိုတံဆိပ်တုံး များ ကို ဥက္ကဌ နှင့် အထွေထွေအတွင်း ရေးမှူး နှစ်ဦး က ပြုလုပ်ပေးရန် တာဝန်ယူသည်။

( ယ ) Letter Head ရုံး Letter Head ကို ပြုလုပ်ရန်တွင် ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူး က တာဝန်ယူပေးသည်။

( င ) CCS နှင့် CCFS လက်တွဲ အလုပ်လုပ် ရန်များ

ဆွီဒင်နိုင်ငံနေ ချင်းလူမျိုးများတို့ ၏ သာရေး နာရေး ကိစ္စများ ရှိလာလျှင် CCS နှင့် CCFS တို့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ရမည်။

( စ ) အစည်းအဝေးတက်ရောက်ရာ တွင် ကုန်ကျမည့် လမ်းစရိတ် ကိစ္စ

( ၁ ) ၁၂.၀၉.၂၀၀၉ ရက်နေ့ Stofors တွင် ပြုလုပ်သော အည်းအဝေးသို့ တက်ရောက်လာသူတို့ ၏ ဘတ်စ်ကားလက်မှတ် နှင့် ရထားလက်မှတ်ကုန်ကျငွေ
Kr ၁၀၀၀ ထက်ပိုသော လမ်းစရိတ် ကို CCS မှ ကုန်ကျခံမည်ဖြစ်သည်
( ၂ ) နောင်လာမည့် နှစ်များ တွင် CCS အလုပ်တာဝန်အရ ကုန်ကျသော စရိတ်များ ကို EC လူကြီးများ က လိုအပ်သလို စီစဉ်သွားမည် ဖြစ်သည်။

( ဆ ) လာမည့်နှစ် မျက်နှာဆုံညီ အစည်းအဝေး
(၁) လာမည့်နှစ် မျက်နှာဆုံညီ အစည်းအဝေး ကို ဇူလိုင်လ ၉ ရက်နေ့ မှ ၁၁ ရက်နေ့ အထိ ပြုလုပ်ကျင်းပ သွားမည်ဖြစ်သည်။ ဇူလိုင်လ ၈ ရက်နေ့ ကို ဧည့်ရောက်ရမည့် ရက် အဖြစ် သတ်မှတ် ထားပြီး၊ ၁၂ ရက်နေ့ တွင် မူ ဧည့်ပြန်ရမည့် ရက် အဖြစ်သတ်မှတ် ထားပါသည်။
( ၂ ) လာမည့်နှစ် မျက်နှာဆုံညီ အစည်းအဝေး ကို Luleå တွင် ကျင်းပ မည်ဖြစ်သည်။
************ *********
********* ********* *

No comments:

Post a Comment